Music and Lights Could Trigger Malware အကြောင်းသိကောင်းစရာများ


 http://images.jagran.com/mobile-malware-b-28-5-2013.jpg

Mobile Smart Phone များတွင် တွေ့ရှိရသော Mobile Malware အကြောင်း သိကောင်းစရာ အချို့ကို စာဖတ်သူများအား ဗဟုသုတ အနေဖြင့် ဖော်ပြမှာ ဖြစ်ပါတယ်။ အဆိုပါ Mobile Malware သည် အသံ နှင့် အလင်း မှတစ်ဆင့် စတင် ဝင်ရောက်နိုင်ပါသည်။ လေ့လာသူများ၏ တွေ့ရှိချက်များ အရ မိမိတို့၏ Smart Phone များကို ရုပ်ရှင်ရုံထဲတွင် သော်လည်းကောင်း၊ အလင်းရောင် (မှိတ်တုတ်မှိတ်တုတ်)များရှိသော အခန်းထဲတွင် သော်လည်းကောင်း စသောနေရာများတွင် ထားရှိခြင်းပင်လျှင် Malware ၀င်ရောက် နိုင်စေရန် လုံလောက်သော အနေအထားကို ဖြစ်ပေါ် စေကြာင်း ရှာဖွေ တွေ့ရှိခဲ့ပါသည်။
Smart Phone များ၌ buit-in ပါသော microphone များ၊ camera များ၊ နှင့် vibrating-sensor ကို သုံးသောအချိန်တွင် Phone အတွင်း ရှိနေသော Hidden Malware များသည် စတင် ပျံ့  နှံ့ ပြီး မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
University of Alabama မှ လေ့လာသူ များသည် Android version 2.2.3ကို အသုံးပြုလျှက်ရှိသော HTC Evo Phone များ၏ Sensor များမှလည်း အဆိုပါ Malware ကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ ကင်မရာ၊ စကားပြောစက် များနှင့် Smartphone များတွင် ပါဝင်သော sensor များသည် တုန်ခါခြင်း (သို့) သံလိုက် စက်ကွင်း များကို ရှာဖွေ တွေ့ရှိနိုင်သောကြောင့် အထက်တွင် ဖော်ပြထား သကဲ့သို့ ဖြစ်ပေါ်စေနိုင်ပါသည်။
၎င်း Malware သည် sensor မှနေ၍ radio မှ သီချင်း တစ်ပုဒ် ဖွင့်ခြင်း(သို့မဟုတ်) သတ်မှတ်ထားသော အလင်း (မှိတ်တုတ် မှိတ်တုတ်) ဖြစ်ပေါ်မှုများမှ စတင်နိုင်စေရန် ညွှန်ကြားချက်များ ထည့်သွင်းထားပါသည်။ တစ်ကြိမ် အစပြုပြီးသည့်နောက် malware သည် ၄င်းကိုယ်တိုင်သော်လည်း ကောင်း၊ ထိန်းချုပ်ခံထားရသော mobile devices များတွင် အစိတ်အပိုင်းတစ်ခု အနေဖြင့် လည်ကောင်း attack ကို ဖြစ်စေနိုင်ပါသည်။
Antivirus Software အများစုသည် Smartphone Features များဖြစ်သော camera နှင့် microphone များတွင် application မည်မျှ အသုံးပြုနေသည်ကို စစ်ဆေးပေးနိုင်ခြင်းမရှိသောကြောင့် Malware Program သည် sensor များအတွက် ကြီးမားသော ဘေးအန္တရယ် အဖြစ်ရှိနေကြောင်း Researcher များမှ ပြောကြားခဲ့ပါသည်။

ဖြစ်ပွားစေနိုင်သော Attack များမှာ
ဥပမာအားဖြင့် အသံအချက်ပြ ကိရိယာ များသည် ကြားခံမရှိပဲ အဝေးသို့ ရောက်ရှိနိုင်ပြီး၊ Malware ပြုလုပ်ခံ ထားရသော Smartphone များသည် အသံအချက်ပြမှု စတင် အလုပ်လုပ်ရန် အတွက် ရုပ်ရှင်ရုံ ကဲ့သို့သော နေရာမျိုးတွင် ရှိနေစေရန် လိုအပ်ပါသည်။
သို့သော် လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်အရ malware များသည် စတင်ရန် အချက်ပြမှု များကို ထုတ်လွှင့်ရာတွင် တိုတောင်းသော အကွာအဝေးသာ လိုအပ်ကြောင်း နှင့် နောက်ခံ ဆူညံသံများကို ပင်ကျော်လွှား နိုင်ကြောင်း တွေ့ရှိရပါသည်။
ဥပမာအားဖြင့် လေဆိပ်တစ်ခုထဲတွင် Malware ပြုလုပ်ခံ ထားရသော Smartphone များ ရှိနေခဲ့မည် ဆိုလျှင် Hacker မှနေ၍ ထိန်းချုပ်ခံထားရသော စက် (Mobile device) များကိုသုံး၍ denial-of-service attack ဖြစ်စေရန် (သို့) ၄င်း လေဆိပ် အတွင်းရှိ Wi-Fi ကိုသော်လည်းကောင်း၊ အခြား System ကိုသော်လည်းကောင်း down သွားစေရန် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Scouring sensor samples
Microphone ကဲ့သို ကန့်သတ်ထားခြင်းမရှိသော Features များကို Access လုပ်နိုင်ခြင်းနှင့် background တွင် application များ အသုံးပြုခြင်းတို့ကို ခွင့်ပြုပေးထားသောကြောင့် လေ့လာသူ များမှ Android နှင့် ပတ်သက်၍ အထူးအာရုံစူးစိုက်ခဲ့ကြပါသည်။
လေ့လာသူ များသည် အထက်တွင်ဖော်ပြထားသော အားနည်းချက်များကို IOS ပေါ်တွင် မစမ်းသပ် ရသေးသော်လည်း Apple ၏ ကန့်သတ်ထားသော policies များကပိုမို လုံခြုံမှု့ ဖြစ်စေမည်ဟု အကြံပြုခဲ့ပါသည်။ ကာကွယ်နိုင်သော နည်းလမ်း အနေဖြင့် အကြံပြုချက်မှာ anti-malware software ဖြင့် sensor data ကို စစ်ဆေးသင့်ပါသည်။အခြားဖြေရှင်းနည်းတစ်ခုကတော့ လိုအပ်သော Battery ပမာဏ ကိုသိရှိရန် အသုံးပြုရသော application များကိုလေ့လာရန် လိုအပ်ပါသည်။

Reference - MMcERT

http://www.scmagazine.com.au/News/343772,music-could-trigger-mobile-malware.aspx 


မြောက်ဒဂုံသား 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

လိုအပ်သည်များတောင်းဆိုနိုင်ပါသည်