Facebook Image Compression

ကျွန်တော်တို့ နေ့စဉ် Facebook ပေါ် ပုံတွေ တင်ကြပါတယ်...
တင်လိုက်တဲ့ photo တွေက Facebook ပေါ် ရောက်တဲ့ အခါမှာ ကိုယ် တင်လိုက်တုံးကလို File Size ပြည့်ရဲ့လား ... Quality အပြည့် ရှိရဲ့လား မေးလာရင် မပြည့်ဘူးလို့ပဲ ဖြေရပါမယ် ... ဘာကြောင့်လဲဆိုတော့ Image Compression ကြောင့်ပါ ... Compression ဆိုတာ မြန်မာလို အလွယ်ပြောရရင် File Size သေးအောင် ချုံ့လိုက်လို့ပါ .. အဲ့ဒီတော့ လူတွေက မေးကြမယ် .....
ဘာကြောင့် Facebook က User တွေရဲ့ ပုံတွေကို Compress လုပ်တာလဲ ?
User တွေက အခကြေးငွေ ပေးစရာမလိုပဲ Facebook ပေါ် ပုံတွေ No limit တင်လို့ရနေပါတယ်. ဒါပေမယ့် Facebook Team က တစ်ဖက်မှာ တင်လိုက်တဲ့ ပုံတွေ သိမ်းဆည်းထားဖို့အတွက် Bandwidth နဲ့ Data Center တွေအတွက် Dollar Million ပေါင်းများစွာ ပေးထားရပါတယ်.... ဒီလို ကုန်ကျမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့နဲ့... Storage Space လျှော့ချဖို့ Compression နည်း ကို သုံးလာခြင်းဖြစ်ပါတယ် ...
User တစ်ယောက်က ဥပမာ 500 KB ပုံတစ်ပုံ တင်လိုက်ပြီဆိုပါစို့ .... Facebook ပေါ်ရောက်တဲ့အခါ 100 KB ပဲရောက်လာတယ် ....100 KB ကိုပဲ Data Store ရတာဖြစ်တဲ့အတွက် ကျန်တဲ့ 400 KB Storage သက်သာသွားမယ်...
Quality အနေနဲ့ကလဲ အရောင်မှိန်သွားတတ်ပါတယ် ... အောက်က ကျွန်တော်တင်ထားတဲ့ ပုံမှာ ဥပမာ ပေးထားပါတယ် ... သာမန် Social Network User တစ်ယောက် အတွက်ကတော့ ဒီ compression က ကိစ္စ မရှိပေမယ့် File Size နဲ့ Quality ကို ဦးစားပေးတဲ့ Professional တွေ ... ဥပမာ .. Photographer တွေ... Photoshop နဲ့ အလုပ်လုပ်တဲ့ သူတွေ အတွက်ကတော့ အလွန် အရေးကြီးတဲ့ ပြသနာ တစ်ခုပါ ... မိမိ ရိုက်လိုက်တဲ့ ပုံတစ်ခုက High Quality 10 MB ရှိတယ် ဆိုကြပါစို့.... Facebook ပေါ် ရောက်တဲ့ အခါ 200 KB ကျော်ကျော်လောက်နဲ့ ရောက်လာခဲ့ရင် 10 MB နဲ့ 200 KB Quality က အင်မတန်ကို ကွာသွားခဲ့ပါပြီ ....ဒါကြောင့် Compression က ဓာတ်ပုံဆရာတွေ အတွက်တော့ ဒုက္ခရောက်စေပါတယ် ....
Compression မဖြစ်အောင် ရှောင်လို့ ရသလား ?
Facebook က Compression လုပ်တာ ရှောင်လို့ရသလားလို့ မေးလာရင် မရဘူးလို့ပဲ ဖြေရပါမယ် .... "Their World ... Their Rules..." သူတို့ထွင်ထားတဲ့ Social Network ကို သုံးနေမှတော့ သူတို့ Rule အတိုင်းပဲပေါ့ဗျာ  grin emoticon
But Compression လုပ်တာကို အရမ်းကြီး ဆိုးဆိုးဝါးဝါး မဖြစ်အောင် လုပ်လို့တော့ ရပါတယ် ... Solution ကတော့ PNG File type ပြောင်းသုံးတာပါ ... PNG ရဲ့ ဂုဏ်သတ္တိက Lossless Compression ဖြစ်တဲ့ အတွက် JPEG file type တွေထက် Compression ဖြစ်တဲ့ Rate နည်းပါတယ် ...Photographer တွေ Facebook ပေါ် ပုံတင်တဲ့ အခါ PNG File type သုံးခြင်းဖြင့် Compress ခံရနည်းသွားပြီဖြစ်ပါတယ် ...


Share on Google Plus

About Mr.Rh!n0

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

လိုအပ်သည်များတောင်းဆိုနိုင်ပါသည်