Gtalk မှာ နာမည်အကျန်ခဲ့အောင် ဖျောက်ကြမယ်

Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်MZ Forum မှာ ညမီးအိမ်တင်ထားတဲ့ Thread ကို ဖောက်သည်ချလိုက်တာပါ
ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။
အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as
password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as
ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် userတွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။
(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေးလာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့
ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတမိမာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။
အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalkကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။

win+R နှိပ်ပါ။ box ထဲမှာregedit ရိုက်ထည့်ပါ။ အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google
Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။
အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့
username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့
။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ +
လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။
ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete
နဲ့ဖျက်လိုက်ပါ။

refer 2: International Social Network Myanmar Hackbile
Share on Google Plus

About R4in8ow

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

လိုအပ်သည်များတောင်းဆိုနိုင်ပါသည်